Thursday, November 20, 2025

မလေးရှားအဖမ်းစီးနဲ့ ပတ်သတ်ပြီး

 

🚨မလေးရှားအဖမ်းစီးနဲ့ ပတ်သတ်ပြီးလွှတ်လမ်းရှိ/မရှိ🚨
===================================
လဝက အဖမ်းခံရလျင် လွတ်လမ်းရှိဒါ ရှိတလို မရှိတာလေးရှိတယ်။ UN online registration ကိုင်တဲ့လူတွေကိုတော့ ဂျလန်ဒူတား လဝက ဆို ထောင်ပို့တာ မရှိသလောက် ဖင့်လာပီ။ ဒါမယ့် 100%ထောင်မပို့ဘူးလို့ ပြောလို့ မရပါ။ဒဏ်ကြေးဆောင်ပါက ထောင်မပို့ဖို့တော့ သေချာတယ်။အနည်းဆုံး 2000Rmပါ။ ဘာအထောက်ထားမှ မပြနိုင်ရင် /passport ပြပါက ထောင်ပို့ဖို့ 100%သေချာတယ်။ အဲ့တော့Passport ရှေ့စာမျက်နှာသက်တမ်းလေးရှိတယ်ဆိုရင် ဒဏ်ကြေးrm2000ဆောင်ပြီးအမြန်ပြန်ဖို့အားပေးပါတယ်။တစ်လအတွင်းပြန်လိုရပါတယ်။တိုင်းရင်းသားကဒ်ပဲရှိတယ်ဆိုရင် ရွေးချယ်စရာမရှိဘူး သံရုံးinterview ကိုစောင့်ရမည်ဖြစ်သည်။ကံကောင်းလို့ထောင်မပို့ပဲ Campထဲ့ပဲပို့တယ်ဆိုရင်လေ အနည်းဆုံး၃လလောက်က တော့မစောင့်ချင်လေးစောင့်ရမှာဖြစ်သည်။အခြေအနေအရ လူအရမ်းများလို့ပါ။
ပူထရာဂျာယာ လဝက ဆို ထောင်ပို့တာ 75%ရှိတေ ဒါမယ့်ကေအလ်/ဆလန်ငေါ အဖမ်းခံရတဲ့ လူတိုင်း ထောင်ချရင် 2လ အများဆုံးပါ။ Kosong case တွေကို ပြောတာပါ။ဒဏ်ကြေးဆောင်ရင် ထောင်မပို့ဖို့ 100%သေချာတေ။ဒဏ်ကြေးဆောင်ဖို့ အမှုကိုင်နဲ့ ပြောလို့ ရပါတယ်။
တခြား ဂျိုဟိုး/လန်ဂါဝီ တခြားပြည်နယ် အဖမ်းခံရလျင် အနည်းဆုံး 6လ ထောင်ချတာတွေ့ရသည်။ဒဏ်ကြေးဆောင်ရင်တောင်Rm 8000 အထက် ရှိသည်။Genting Highlands/လန်ဂါဝီဘက် အဖမ်းခံရပါက ဒဏ်ကြေး အနည်းဆုံးRm10000 လို့ သိရ။မဆောင်ပါက အနည်းဆုံး 8လလောက်ကြာနိုင်သည်။
ထိုင်းနယ်စပ် အဝင်ဖြစ်သောကလန်တန် ပြည်နယ်ဘက်ဆိုဒဏ်ကြေးဆောင်လို့တောင်မရပါ အနည်းဆုံး 6လထောင် ပီးမှ အချုပ်သွားရမည်။ ထောင်က အမျိုးသမီးနဲ့ အမျိုးသား၁၈နှစ်အောကါဆိုရင် (ပန်ကလာပါချီပ)ထောင် ။အမျိုးသား ၁၈နှစ်အထက်ဆိုရင် (မာဂျမ်း)ထောင် မှာပါ။5လထောင်ကျပြီးနောက် Camp ကတော့ (တနမေရ) မှာပြန်ရောက်ကျတယ် အဲ့မှာက နိုင်ငံြခါးသားဆိုရင်Passport workpermit နဲ့နိုင်ငံသားတွင်သွားတွေ့လိုရတယ် သံရုံးinterview ပြီးရင်လေယဉ်လက်မှတ်oယ်ပြီးမြန်မာနိုင်ငံပြန်လို့ရပြီ။ ဒဏ်ကြေးဆောင်ရတာက ပြည်နယ် တခုနှင့် တခု မတူပါ။ ကျနော် ကြုံရသလောက်မျှဝေခြင်းဖြစ်သည်။ အားလုံး ဘေးကင်းကြပါစေ။@highlight facebook Tujat KRC Malaysia Shwesoya Nawse Kachin Refugee Committee

No comments:

TSUMHPAWNG TSUMHKA JAMES LA SENG: Malaysia du nga ai myu sha ni a matu Kachin Refugee Committee(KRC) san htai lamang by Marip Kaw Podcast

" KACHIN REFUGEE COMMITEE (KRC) a Tingyang up (Chairman) Slg.Tsumhpawng Tsumhka James La Seng hte san htai lamang "